"和 nagomi"

မျက်မမြင် အကြောပြင်အနှိပ်

အားလုံးသောသူများနှင့် မျက်မမြင်များအတွက် ပျော်ရွှင်စရာ ဝန်ဆောင်မှု အစီအစဉ်

(အနှိပ်လိုအပ်သူများမှအနှိပ်ခံယူပြီး အခြားတဖက်တွင် မျက်မမြင်များအတွက်လည်းအလုပ်ကိုင်အခွင့်လမ်းရရှိစေသည့်အစီအစဉ်ဖြစ်ပါသည်)


ဆိုင်တွင်းအနှိပ်၊ အိမ်ခေါ်အနှိပ်၊ ရုံးတွင်းအနှိပ်စသည့် အမျိုးအစားသုံးမျိုးဖြင့် ဝန်ဆောင်မှု လုပ်ငန်းအား ဆောင်ရွက်ပေးပါမည်။

လူတစ်ဦးလျှင်တစ်ကြိမ် မိနစ် ၃၀ ကြာ ၄၀၀၀ ကျပ် ~

ကြားရက်တိုင်းတွင် ၁၅မိနစ် အခမဲ့ဝန်ဆောင်မှု့ ရယူနိုင်ပါသည်


လူတစ်ဦးလျှင်တစ်ကြိမ် မိနစ် ၆၀ ကြာ ၁၂၀၀၀ ကျပ်

ကြားရက်တိုင်းတွင် ၁၅မိနစ် အခမဲ့ဝန်ဆောင်မှု့ ရယူနိုင်ပါသည်


NEW ရုံးတွင်းအနှိပ်

ဆိုင်မှအနှိပ်ဆရာများအား ကုမ္ပဏီသို့ပုံမှန်စေလွှတ်ကာ အချိန်တိုအနှိပ်ပုံစံဖြင့် ဝန်ထမ်းများအား တစ်ယောက်ပြီးတစ်ယောက် အနှိပ်ဝန်ဆောင်မှု ပေးသော လုပ်ငန်းဖြစ်ပါသည်။

အပတ်စဉ် စုစုပေါင်း ၁၈၀ မိနစ်လျှင် ၁၈၀၀၀ ကျပ် ~

လျှော့စျေးကဒ် များ ဝေပေးပါမည်။

ဆိုင်သို့လာရောက်လျှင်ဖြစ်စေ၊ အိမ်သို့ခေါ်လျှင်ဖြစ်စေ လူတစ်ဦးလျှင်တစ်ကြိမ် တစ်နာရီနှင့်အထက် နှိပ်သောအခါတွင် ၂၀၀၀ ကျပ်ဈေးလျှော့ပေးပါမည်။


မိတ်ဆက်

nagomi” မျက်မမြင်အကြောပြင် အနှိပ်ခန်းသည် အမြင်အာရုံချို့တဲ့သူများ စုဝေးရာ ဆေးဘက်ဆိုင်ရာ အနှိပ်ဆိုင် ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ရန်ကုန်မြို့တွင် ပထမဆုံး ဆိုင်ဖွင့်လှစ်ခဲ့ပါသည်။ ကိုရိုနာ ကူးစက်ရောဂါကြောင့် ဆိုင်ကို ယာယီပိတ်ထားခဲ့ရပြီး ယခုအခါတွင် လမ်းမတော်မြို့နယ်တွင် ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေပြီ ဖြစ်ပါသည်။

ဂျပန်နိုင်ငံတွင် ဂျပန်ရိုးရာ Anma အနှိပ်နည်းပညာရပ်ကိုရှေးယခင်နှစ် ပေါင်း ၃၀၀ ကပင်အမြင် အာရုံချို့ တဲ့သူများ၏ အလုပ်အကိုင်အဖြစ် အသိအမှတ်ပြုလုပ်ကိုင် လာခဲ့ကြပါသည်။

မျက်မမြင်များ၏ ထူးခြားထက်မြက်လှတဲ့ အာရုံ ထိတွေ့ခံစားမှုဖြင့် အနှိပ်ပညာ ကုသမှု ရလဒ်ကောင်းများကိုမြှင့်တင်ပေးနိုင်လို့ ဟုဆိုကြပါသည်။ တောင့်တင်းနေသောကြွက်သားများကို နှိပ်နယ်ခြင်းဖြင့် ကြွက်သားများ ပျော့ပျောင်းလာပြီး ညောင်းညာမှုတွေကို ပြေပျောက်စေပါသည်။

nagomi” မျက်မမြင်အကြောပြင်အနှိပ်ဆိုင်တွင် လုပ်ကိုင်နေကြသော အနှိပ်ဆရာများသည် မျက်မမြင်အနှိပ်သင်တန်းကျောင်းဆင်းများဖြစ်ကြပါသည်။ ဂျပန်နိုင်ငံ ၊ Aichi ခရိုင်ရှိ အရိုးနှင့် အပ်စိုက်ဆေးခန်းပေါင်း ၂၀ ကျော်ကို စီမံအုပ်ချုပ်မှု ပြုလုပ်နေသည့် “Heart Medical Group” ကုထုံးနည်းစနစ်များကို အခြေခံ၍ ဂျပန်နိုင်ငံ အနှိပ်လိုင်စင်ရ ဂျပန်လူမျိုးဆရာမှ အမြင်အာရုံချို့တဲ့သူ မြန်မာလူမျိုးအနှိပ်ဆရာများကို တစ်ဆင့်ပြန်လည် သင်ကြားပို့ချမှုများ ပြုလုပ်လေ့ကျင့်ပေးနေပါ သည်။

ကိုရိုနာကူးစက်ရောဂါကြောင့် အိမ်တွင် အချိန်အကြာကြီးနေပြီးမှ မိမိလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်သောအခါတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများရှိမည်ဟု ထင်ပါသည်။

လူကြီးမင်းတို့၏ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ကျွန်ုပ်တို့မှ အကောင်းဆုံး ဝန်ဆောင်မှုများအား ပေးနိုင်အောင် အစဉ်အမြဲကြိုးစား အားထုတ်လျက် ရှိပါသည်။ ကျွန်ပ်တို့အား နှစ်ပေါင်းများစွာ အားပေးလျက်ရှိသော လူကြီးမင်းများ အထူးကျေးဇူးတင်ရှိပါသည်။


Ashida Katsuya (ဂျပန်လိုင်စင်ရ အနှိပ်ဆရာ)


ကျွန်မတို့ရဲ့ ဆိုင်နာမည် "和 nagomi" အဓိပ္ပါယ်

ကျွန်မတို့ရဲ့ ဆိုင်နာမည် " nagomi" နဲ့ပက်သက်ပြီး ပြောပြပေးချင်ပါသည်။

ပထမဆုံ "" ဆိုတဲ့စကားလုံးနဲ့ ပက်သက်ပြီး ရှင်းပြချင်ပါသည်။

မူရင်းအဓိပ္ပာယ်ကလူအများကြီးရဲ့အသံကဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါသည်။ 

"" နာဂိုမိဆိုတဲ့ ခန်းဂျိမှာ ကွဲပြားတဲ့ ဖတ်နည်းအသံတွေနဲ့အတူ အဓိပ္ပါယ်တွေလည်း အမျိုးမျိုးကျယ်ပြန့်လာပါသည်။

なごみ "နာဂိုမိ" နဲ့ やわらぎ "ရာဝရဂိ" လို့အသံထွက်တဲ့အခါ ကောင်းမွန်ခြင်း၊ အလိုရှိသည်များကိုဖြစ်နိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း၊ မျှတညီမျှမှုရှိခြင်း၊ လိုက်ရောညီထွေဖြစ်ခြင်းစတဲ့ အဓိပ္ပာယ်ကို ဆောင်ပါသည်။

なぎ "နဂိ" ဆိုပြီး အသံထွက်ရင်တော့ ပင်လယ်ရေလိူင်းက တိတ်ဆိတ်ငြိမ်သက်နေသော အခြေအနေ ဖြစ်ပါသည်။

"၀"ဆိုရင်တော့ အပေါင်းသဘောဆောင်တဲ့ အခြေအနေဖြစ်ပြီး နောက်တစ်ခုကတော့ ဂျပန်ဆိုတဲ့ အဓိပ္ပာယ်ရပါသည်။

နာဂိုမိဆိုပြီး နှစ်လုံးပေါင်းလိုက်ရင်တော့ လူတစ်ယောက်ရဲ့ စိတ်နှလုံးတည်ငြိမ် အေးချမ်း အပန်းပြေတယ်၊ ပေါင်းသင်းဆက်ဆံရေးက နဂိုထက် ပိုမိုကောင်းမွန်လာတယ်၊ အဆင်ပြေလာတယ်၊ အများရဲ့ငြိမ်းချမ်းကို ဆောင်ကျဥ်းပေးတယ်လို့ အဓိပ္ပာယ်ရပါသည်။

လူကြီးမင်းတို့ ခံစားနေရတဲ့ ဝေဒနာကသက်သာလာပြီး စိတ်နှလုံးလည်း တည်ငြိမ်အေးချမ်းလာတဲ့အထိ ကျွန်တော်တို့ဘက်က ကြိုးစားပြီး ဝန်ဆောင်မှုပေးပါမည်။

လူကြီးမင်းတို့နဲ့ " nagomi" ကအနှိပ်ဆရာတွေကို ရင်းရင်းနှီးနှီး ဖြစ်စေချင်ပါသည်။

ဆိုင်လာသူ တစ်ဦးချင်းစီက ဝေဒနာ သက်သာသွားပြီး ပြုံးပျော်ရွှင်စွာနဲ့ အိမ်သို့ပြန်နိုင်ပြီး ခါတိုင်းထက်ပိုပြီး လှုပ်ရှားရလွယ်ကူသွားပါလိမ့်မည်။

လူကြီးမင်းတို့ရဲ့အပြုံး၊ ပေါ့ပါးလန်းဆန်း နေတဲ့အသံကို ကြားမြင်ရသူတိုင်းကလည်း စိတ်ပျော်ရွှင်လာမယ်လို့ ထင်ပါသည်။

အဲ့ပျော်ရွှင်မှုက မိမိပတ်ဝန်းကျင်က လူတွေကိုလည်း ဖြန့်ကျက်သွားနိုင်မယ်လို့ ယုံကြည်ပါသည်။


အဲ့တာကတော့ " nagomi" ရဲ့ အဓိကဦးတည်ချက် ဖြစ်ပါသည်။


စမတ်ဖုန်းကို ဦးစားပေးဒီဇိုင်းထုတ်ထားသည်။

ဘယ်ဘက်အထက်၌ "" အမှတ်အသားပေါ်လာလျှင်စာမျက်နှာမီနူး ကိုပြရန် "" အမှတ်အသားကိုနှိပ်ပါ။